——–
၂၀၂၅ခုနှစ်၊ဇန်နဝါရီလ(၂၈)ရက်
မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားတဲ့အငြိမ်းစား မြန်မာစာပါမောက္ခဖြစ်တဲ့ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ကွယ်လွန်သွားပြီဖြစ်တဲ့လို့သမီးဖြစ်သူ မသူသူနွယ်အေးကလူမှုကွန်ရက်ကနေအသိပေးပြောကြားထားပါတယ်။
သမီးဖြစ်သူ မသူသူနွယ်အေးက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာဖခင်ဖြစ်သူမောင်ခင်မင် (ဓနုဖြူ)
ဇန်နဝါရီ ၂၇ ရက်နေ့ ည ၁၂ နာရီခွဲမှာ ရုတ်တရက်ကွယ်လွန်သွားကြောင်းကို အသိပေးထားတာဖြစ်ပါတယ်။
ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ကွယ်လွန်သွားခြင်းဟာ မြန်မာစာလောကအတွက်ကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်တယ်လို့မှတ်ချက်ပြုကြပါတယ်။
ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ဟာ မြန်မာစာပေနဲ့ပတ်သက်တဲ့စာအုပ်ပေါင်းများစွာကိုရေးသားခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ရဲ့ အမည်အရင်းက ဦးခင်အေးဖြစ်ပြီး ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့က ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ်ရှိပြီ ဖြစ်ပါတယ်။
ဓါတ်ပုံ-မူရင်းပိုင်ရှင်ကို Credit ပေးပါသည်။
#Mercury#mercurynews#မောင်ခင်မင်(ဓနုဖြူ) #မြန်မာစာပေ#ရန်ကုန်