၂၀၂၅၊ဇန်နဝါရီလ၊၁၅ရက်
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ သံအမတ်ကြီး Ms. MaJia နှင့်မြန်မာနိုင်ငံတနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုတို့ တရုတ်နိုင်ငံဘက်နေ တနင်္သာရီတိုင်းဒေသကြီးမှာ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
မနေ့က ဇန်နဝါရီ၁၄ရက်နေ့က ကော့သောင်းမြို့မှာ သံအမတ်ကြီး Ms. MaJiaနဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုတို့အပါအဝင် တာဝန်ရှိသူတွေဟာ နှစ်နိုင်ငံ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ကို ဦးစားပေးဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ နောက်ပိုင်းနှစ်ကာလအပိုင်းအခြားမှာ နည်းပါးသွားပေမယ့် တရုတ်နိုင်ငံဘက်တော့ ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်ဖို့ လာရောက်ဆွေးနွေးတာတွေရှိနေသေးတာဖြစ်ပါတယ်။