၂၀၂၅၊ဇန်နဝါရီလ၊၁၅ရက်
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ရှိတဲ့ သုခဒဂုံအိမ်ရာမှာ ဆောက်လုပ်ဆဲ တိုက် တွေထဲကနေ အခန်းပေါင်း ၄၅၀ ခန်းကျော်ကို မကြာခင်မှာ ထပ်မံငှားရမ်းပေးသွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကနေသိရပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၊၂၀၂၄ဇွန်လ၊၂၀၂၄အောက်တိုဘာလတွေမှာ ဆောက်လုပ်ခဲ့တဲ့ တိုက်တွေထဲကနေ ဆောက်လုပ်ပြီးစီးပြီးသား တိုက် ၄၃ လုံးမှာရှိတဲ့ လူနေတိုက်ခန်း တွေကို မဲနှိုက် ငှားရမ်းနေထိုင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာ စီမံကိန်းမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ လက်ရှိအချိန်အထိ တစ်နှစ်ကျော်ကာလအတွင်း တိုက်ခန်းပေါင်း ၂၆၀၀ ကျော်ကို ငှားရမ်း နေထိုင်ခွင့်ပြုပေးထားပြီးဖြစ်ပါတယ်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ တိုက်ခန်းငှားရမ်းတဲ့ သက်တမ်းဟာ ၅နှစ်ဖြစ်ပြီး တစ်လကို တိုက်ခန်းငှားရမ်းခအဖြစ် ပထမထပ်က ငွေကျပ် ၆၇၀၀၀၊ ဒုတိယထပ် ၆၀၀၀၀၊ တတိယထပ် ၅၅၀၀၀ နဲ့ စတုတ္ထထပ် ၄၆၀၀၀ သတ်မှတ်ထားပါတယ်။
ဓါတ်ပုံ-မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။