————————————
၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၁၅)ရက်
တရုတ်နိုင်ငံသို့ ပဲပုပ်သီးနှံတင်ပို့ဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေအနေနဲ့ လျှောက်ထားနိုင်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။
အဆိုပြုလွှာ(EOI) ကိုဖေဖော်ဝါရီလ (၂၈)ရက်နောက်ဆုံးထားပြီး တိုင်းနဲ့ ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေးဦးစီးဌာန၊ဦးစီးမှူးရုံးမှာ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
ပဲပုပ်တင်ပို့မယ့် ကုမ္ပဏီတွေအနေနဲ့ တရုတ်-မြန်မာနှစ်နိုင်ငံ ချုပ်ဆိုထားတဲ့ အပင်ပိုးမွှား ကင်းရှင်းရေးဆိုင်ရာလိုအပ်ချက် သဘောတူ စာချုပ်အရ Sanitary and Phytosanitary (SPS)Protocolသတ်မှတ်စည်းကမ်းချက်တွေနဲ့ အညီ နှစ်စဉ်စိစစ်မှတ်ပုံတင်ခြင်းတွေ ဆောင် ရွက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။