၂၀၂၅၊ဇန်နဝါရီလ၊၁၅ရက်
အမေရိကန်လုံခြုံရေးနဲ့ငွေလဲလှယ်ရေးကော်မရှင်( US Securities and Exchange Commission)ဟာ ဖက်ဒရယ်လိုအပ်ချက်အရ ပိုင်ဆိုင်မှုကို မှန်မှန်ကန်ကန် ထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်ခဲ့တဲ့ အီလွန်မတ်စ် ကို တရားစွဲဆိုလိုက်တယ်လို့ CNN Intသတင်းဌာနရဲ့ ဖော်ပြချက်အရသိရပါတယ်။
အီလွန်မတ်စ်ဟာ ၂၀၂၂ခုနှစ်၊အောက်တိုဘာလမှာ Twitterကို အမေရိကန်ဒေါ်လာ ၄၄ဘီလီယံနဲ့ မဝယ်ယူခင် ၂၀၂၂ခုနှစ် မတ်လမှာတည်းက Twitterကုမ္ပဏီရဲ့ ရှယ်ယာ ၅%ကျော်ကို ပိုင်ဆိုင်ထားပြီဖြစ်ပြီး အဆိုပါအချက်အလက်တွေကို ၁၀ရက်အတွင်း SECကို ပေးပို့ရမှာဖြစ်ပေမယ့် ပျက်ကွက်ခဲ့တယ်လို့ အမေရိကန်လုံခြုံရေးနဲ့ငွေလဲလှယ်ရေးကော်မရှင်က စွဲချက်တင်ထားတာဖြစ်ပါတယ်။
အီလွန်မတ်စ်ရဲ့ ရှေ့နေ အဲလက်စပီရိုကတော့ “မတ်စ်ဟာ အမှားအယွင်းလုပ်ခဲ့တယ်လို့ ကျွန်တော်မထင်ပါဘူး။ဒါက SECရဲ့ ယူဆချက်သက်သက်ပါဘဲ”လို့ CNNသတင်းဌာနကို ပြောထားပါတယ်။