Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တရုတ်နိုင်ငံသား နှစ်ဦး ထိုင်းမြန်မာနယ်စပ်မှာ ပျောက်ဆုံးနေ

၂၀၂၅၊ဇန်နဝါရီလ၊၁၀ရက်

လွန်ခဲ့တဲ့ ရက်ပိုင်းက ပျောက်ဆုံးနေတဲ့ တရုတ်နိုင်ငံသားသရုပ်ဆောင်တစ်ဦးကို မြန်မာနယ်ထဲမှာ ပြန်ရှာတွေ့ခဲ့ပြီးတဲ့နောက်မှာ နောက်ထပ် တရုတ်နိုင်ငံသားနှစ်ဦးဟာ ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးနေတယ်လို့ ဘန်ကောက်ပိုစ့် သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပျောက်ဆုံးနေတဲ့ တရုတ်နိုင်ငံသားနှစ်ဦးဟာ အမျိုးသား မော်ဒယ်သရုပ်ဆောင် Yang Zeqi နဲ့ အသက် ၂၁ နှစ်အရွယ် Wu Jiaqi ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး မြန်မာနိုင်ငံ မြဝတီမြို့က အွန်လိုင်းလိမ်လည်ဂိမ်းတွေရဲ့ လိမ်လည်ခေါ်ဆောင်ခြင်း ခံခဲ့ရတာ လို့ တရုတ်အခြေစိုက် သတင်းတွေက သုံးသပ်ရေးသားနေကြပါတယ်။

ပျောက်ဆုံးနေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ ဆွေမျိုးတွေက ကူညီရှာဖွေပေးဖို့ အကူအညီတောင်းထားတာကြောင့် ထိုင်းရဲတပ်ဖွဲ့ကလည်း လုံခြုံရေးကင်မရာ မှတ်တမ်းတွေကို ပြန်စစ်ပြီး ထိုင်း-မြန်မာ နယ်စပ်မှာ ရှာဖွေနေကြပါတယ်။

ဓါတ်ပုံ-ပြန်ရှာတွေ့ခဲ့တဲ့ တရုတ်သရုပ်ဆောင်ကို ထိုင်းရဲတွေခေါ်ဆောင်လာစဉ် (မူရင်းပိုင်ရှင်ကို creditပေးပါသည်)

#mercury#mercurynews#ကျားဖြန့်#တရုတ်#နိုင်ငံတကာသတင်း

May be an image of 6 people