———————————————————–
၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၁၀)ရက်
အခုရက်ပိုင်းမှာ မြန်မာ့ရွှေဈေး ရည်ညွှန်းဈေးဟာ (၃)ရက်အတွင်းမှာ (၆၀၀၀၀)ကျပ်ခုန်တက်သွားတယ်လို့ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဇန်နဝါရီလ(၉)ရက်မှာ ရွှေတစ်ကျပ်သားကို မြန်မာကျပ်(၅၃၆၀၀၀၀၀)ကျပ်သတ်မှတ်ထားပြီး ဒီကနေ့ဇန်နဝါရီလ(၁၀)ရက်မှာတော့ ရွှေတစ်ကျပ်သားကို မြန်မာကျပ်(၅၃၉၀၀၀၀)နဲ့ရောင်းချဖို့ သတ်မှတ်ထားပါတယ်။
ဇန်နဝါရီလ(၇)ရက်တုန်းကတော့ ရွှေတစ်ကျပ်သားကို မြန်မာကျပ်(၅၃၃၀၀၀၀)ကျပ်နဲ့ရောင်းချဖို့သတ်မှတ်ထားပါတယ်။
ရွှေရောင်းဝယ်မယ့်သူတွေအနေနဲ့ ရည်ညွှန်းဈေးအတိုင်းရောင်းချဖို့ သတ်မှတ်ထားပြီး ဈေးကွက်အတွင်းမှာတော့ ပြင်ပဈေးနဲ့ရောင်းချနေသူတွေလည်းရှိတယ်လို့ သိရပါတယ်။