Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လျှပ်စစ်ဓာတ်အားမလုံလောက်မှုကို ဖြေရှင်းနိုင်ရန် ဧရာဝတီမြစ်အတွင်း အနိမ့်တာတမံဆောက်လုပ်ပြီး လျှပ်စစ်ဓာတ်အားထုတ်ယူရန် နစက စီစဉ်နေ

၂၀၂၅၊ဇန်နဝါရီလ၊၈ရက်

နိုင်ငံတွင်း လတ်တလောကြီးမားစွာ သက်ရောက်မှုရှိနေတဲ့ လျှပ်စစ်ဓာတ်အားမလုံလောက်မှု ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဧရာဝတီမြစ်အတွင်း အနိမ့်တာတမံဆောက်လုပ်ပြီး လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်ဖို့ နစက ဉက္ကဌက ညွန်ကြားထားတယ်လို့ သိရပါတယ်။

မနေ့က ဇန်နဝါရီလ၇ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးခန်းမမှာ  ပြုလုပ်ခဲ့တဲ့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ရဲ့ (၁/၂၀၂၅)အစည်းအဝေးမှာ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက အခုလို ပြောခဲ့တာဖြစ်ပါတယ်။

ဧရာ၀တီမြစ်အတွင်းအနိမ့်တမံများတည်ဆောက်ပြီးလျှပ်စစ်ထုတ်ယူနိုင်တဲ့နေရာ(၁၆)ခုရှိဒီထဲကဦးစားပေး(၄)နေရာမှာအသင့်လျှော်ဆုံးတစ်နေရာကိုအကျိုးအပြစ်တွေစီစစ်တင်ပြဖို့နစကဥက္ကဋ္ဌကညွှန်းကြားထားတယ်လို့ အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အားမလုံလောက်မှု ပြဿနာကို ဖြေရှင်းနိုင်ဖို့ နစက အနေနဲ့ ရေအားလျှပ်စစ်ထုတ်လုပ်တာအပြင်သဘာဝဓါတ်ငွေ့အရည်(LNG)သုံးလျှပ်စစ်ဓါတ်အာပေးစက်ရုံများကနေလျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးစားဆောင်ရွက်နေတယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ထုတ်လုပ်နိုင်တဲ့အရင်းအမြစ်အမျိုးမျိုးရှိနေတာကြောင့်  ရေအားနဲ့သဘာဝဓါတ်ငွှေ့တို့အပေါ်အဓိကမှီခိုနေရတာမျိုးမဟုတ်ဘဲ ပြန်ပြည့်မြဲစွမ်းအင်(RenewableEnergy)အသုံးပြုမှု ကိုလည်းအခုထက်ပိုတွင်ကျယ်အောင်ဆောင်ရွက်နိုင်ဖို့ နစကဘက်က ကြိုးစားနေတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။