——————————————–
၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၈)ရက်
မြန်မာအိမ်နီးချင်းတရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ အသက်ရူလမ်းကြောင်းမှတစ်ဆင့်ကူးစက်တတ်တဲ့ HMPV ရောဂါပိုးဟာမြန်မာမှာ ဖြစ်ဖူးသဖြင့် မြန်မာနိုင်ငံသားတွေအနေနဲ့ခုခံအားစနစ်ရှိပြီးဖြစ်လို့ စိုးရိမ်စရာမရှိဘူး လို့ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သုတေသနပြုချက်တွေအရ HMPVရောဂါပိုးကို မြန်မာနိုင်ငံမှာ၂၀၁၄ခုနှစ်၊၂၀၁၅ခုနှစ်ဖြစ်ပွားခဲ့ဖူးသလို၂၀၂၃ခုနှစ်၊ ၂၀၂၄ခုနှစ်တို့မှာ ပြင်ပလူနာဌာနမှာလာပြတဲ့လူနာတွေမှာလည်း ကူးစက်ဖြစ်ပွားမှုတွေရှိခဲ့တယ်လို့ဖော်ပြထား ပါတယ်။
HMPV ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုးဖြစ်ပြီး ဒီပိုးကို နယ်သာလန်နိုင်ငံမှာ ၂၀၀၁ ခုနှစ်မှာ စတွေ့ခဲ့ပြီးမှ ကမ္ဘာ့နေရာအနှံ့အပြားမှာတွေ့ခဲ့တာဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေကတော့ များသောအားဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ဖြစ်ပြီး ချောင်းဆိုးခြင်း၊ နှာရည်ယို၊ နှာပိတ်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ အသက်ရှူ ရခက်ခြင်း၊ အသက်ရှူရင်တစ်ရွှီရွှီမြည်ခြင်း၊ အသက်ရှူမဝခြင်းစတာတွေပါဝင်ပြီးတော့ ကလေးတွေမှာဆိုရင် ရင်ခေါင်းသံနဲ့ချောင်းဆိုးတာ၊ ပန်းနာရင်ကျပ်ရောဂါတွေ ပိုဆိုးလာတာတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ အခုဆောင်းတွင်းကာလမှာ အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်တဲ့ H1N1/ Rhinovirus/Respiratory Syncytial Virus/Mycoplasma Pneumonia/ Human Metapneumovirus (HMPV) တို့မဖြစ်ပွားအောင် သတိပြုကြဖို့လည်း ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးကသတိပေးထားတယ်လို့ သိရပါတယ်။