—————————————————————————
၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၂၄)ရက်
မကွေးတိုင်းအတွင်းရှိ မန်းရွှေစက်တော် ပါဒစေတီတော်မြတ်ကြီးမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ‘‘မန်းရွှေစက်တော် ဘုရားပွဲတော်’’ကို လာမယ့်ဖေဖော်ဝါရီလ(၂)ရက်မှ ဧပြီလ(၁၇)ရက်အထိ (၇၅)ရက်တိုင်တိုင်ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။
ရွှေစက်တော်ဘုရားပွဲမှာ သံဃာတော်တွေရဲ့ မဟာပဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲတွေ၊ ဆွမ်းဆန်စိမ်းလောင်းလှူတဲ့အစီအစဉ်တွေပါဝင်မှာဖြစ်ပါတယ်။
ပွဲတော်ကာလအတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်တွေကို တင်ဒါခေါ်ယူထားပြီး တည်းခိုဆောင် တင်ဒါနဲ့ အထွေထွေအရပ်ရပ်လုပ်ငန်းတွေကို ဇန်နဝါရီလ(၆)ရက်မှာ လုပ်ငန်းတင်ဒါဖွင့်ပွဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဘုရားဖူးပြည်သူတွေအနေနဲ့ ပိတ်ရက်ရှည်တွေလည်းရှိနေတဲ့အတွက် သမိုင်းဝင် မန်းရွှေစက် တော်ဘုရားပွဲတော်အပြင် အထင်ကရနေရာတွေဖြစ်တဲ့စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်၊ မန်းချောင်းအပန်းဖြေဆင်စခန်း၊ ရွှေစက်တော်ဘေးမဲ့တောဥယျဉ်ရှိ ကြယ်လိပ်နဲ့ ရွှေသမင်ခြံတွေ၊ ငှက်မျိုးစိတ်တွေကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။
ဒီ့အပြင်မဟာပုဏ္ဏရဟန္တာ အရှင်မြတ်တည်ထားကိုးကွယ်ခဲ့တဲ့ အောက်ကျောင်းသမုတ္တဂီရိ မြစေတီဘုရား၊ ရေပုတ်ကလေးရွာမှ ရွှေမြင်တင်စေတီ၊ စကုမြို့မှ ထေရ်ကြီးစေတီတွေနဲ့ ရုပ်စုံကျောင်းတွေမှာလည်း တဆက်တစပ်တည်း ဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများက ဘုရားစေတီတွေကိုဖူးမြော်လည်ပတ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
#Mercury#mercurynews#ရွှေစက်တော်#ပြည်တွင်းသတင်း