Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပဲခူးကုန်စိမ်းသားငါးဈေးတွင် အသားကြိတ်စက်အတွင်းလက်ညပ်၍ ဆေးရုံပို့ဆောင်ကူညီခဲ့ရ

———————————————————–

၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၂၃)ရက်

ပဲခူးမြို့၊ညောင်ဝိုင်းရပ်ကွက်ရှိကုန်စိမ်းသားငါးဈေးမှာ အသားကြိတ်စက်အတွင်း အမျိုးသား တစ်ဦးလက်ညပ်သဖြင့် ဆေးရုံပို့ဆောင်ကူညီခဲ့ရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ(၂၃)ရက်မနက်ပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ပဲခူးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်တွေနဲ့ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ရတယ်လို့ဆိုပါတယ်။

အဲဒီ့ဖြစ်စဉ်ကြောင့် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ကို သူနာတင်ယာဉ်ဖြင့် ပဲခူးမြို့ ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

#mercury#mercurynews#ပဲခူး#ပြည်တွင်းသတင်း

May be an image of 8 people and text