Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဆီးရီးယားအပေါ် နိုင်ငံတကာက ဒဏ်ခတ်ထားမှုတွေကို ပြန်ရုပ်သိမ်းပေးရန် ဆီးရီယားသူပုန်ခေါင်းဆောင်တိုက်တွန်း

၂၀၂၄၊ဒီဇင်ဘာလ၊၂၃ရက်

ဆီးရီယား HTA သူပုန်အဖွဲ့ခေါင်းဆောင် Ahmad al-Sharaa က ဆီးရီးယားနိုင်ငံအပေါ် နိုင်ငံတကာက ဒဏ်ခတ်ထားမှုတွေကို ပြန်ရုပ်သိမ်းပေးဖို့အတွက် တူရကီနိုင်ငံခြားရေးဝန်ကြီး Hakan Fidan နဲ့ တွေ့ဆုံအပြီးမှာတောင်းဆိုသွားခဲ့ပါတယ်။

ဆီးရီးယားသူပုန်ခေါင်းဆောင် Ahmad al-Sharaa က “အခုကျွန်တော်တို့နိုင်ငံမှာ ဖိနှိပ်အုပ်ချုပ်သူ မရှိတော့ဘဲ ထိခိုက်နစ်နာခံစားရသူတွေပဲ ကျန်တော့တာဖြစ်ပါတယ်။ဒါကြောင့် နိုင်ငံတကာက ဒဏ်ခတ်ထားမှုတွေဟာ ဆီရီးယားပြည်သူတွေအပေါ် ထပ်ထိခိုက်လာတာမျိုး မဖြစ်သင့်တော့ပါဘူး။အမြန်ဆုံးပြန် ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်။’ လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တူရကီနိုင်ငံခြားရေးဝန်ကြီးကလည်း ဆီးရီးယားသူပုန်ခေါင်းဆောင်ရဲ့ စကားကို ထောက်ခံသွားခဲ့ပြီး တူရကီနိုင်ငံအနေနဲ့ ဆီရီးယားရဲ့ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းတွေမှာ ပါဝင်ကူညီသွားမယ်လို့ ထုတ်ပြောသွားခဲ့ပါတယ်။

#mercury#mercurynews#နိုင်ငံတကာသတင်း#ဆီးရီးယား

May be an image of 2 people and text