————————————————————-
၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၂၃)ရက်
ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလတွေမှာ ဖျက်မိုး၊အခါလွန်မိုးတွေမရွာနိုင်တော့ဘဲ ရာသီဥတုအေးလာတော့မယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်မှာ တောင်တရုတ်ပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဖြစ်နိုင်ခြေတွေဟာ ဒီဇင်ဘာ ၂၅ရက်၊၂၆ ရက်တွေမှာအဆုံးသတ်တော့မှာဖြစ်လို့ ဖျက်မိုး၊အခါလွန်မိုးတွေရွာနိုင်မယ့် အခြေအနေမရှိတော့ပဲ ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကူးပွဲတော်ကို ခြောက်ခြောက်သွေ့သွေ့၊ အေးအေးချမ်းချမ်းနဲ့ ကြိုဆိုဆင်နွဲနိုင်ကြတော့မှာဖြစ်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင် ကခန့်မှန်းပေးထားပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာ ညအပူချိန်တွေကျဆင်းပြီး ပိုအေးလာနိုင်သလို ကျန်ဒေသတွေမှာလည်း ဆောင်းအငွေ့အသက် ရာသီဥတုအေးမြတာကိုခံစားရလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကခန့်မှန်းထားတယ်လို့ သိရပါတယ်။
မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။
#mercury#mercurynews #ပြည်တွင်းသတင်း#မိုးလေဝသ