သန်း dosesလှူဒါန်း
——————————————————————-
၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၂၁)ရက်
အင်ဒိုနီးရှားနိုင်ငံမှမြန်မာနိုင်ငံသို့ အင်ဒိုနီးရှားရူပီယာ (၈ဒသမ၇) ဘီလီယံ တန်ဖိုးရှိ ပိုလီယိုရောဂါကာကွယ်ဆေး (၂ဒသမ၇၁၆)သန်း dosesလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ပိုလီယိုရောဂါကာကွယ်ဆေးများကို အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Director of South East Asia Affairs Mr. Mirza Nurhidayat နဲ့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr.M.Arif Hidayatullah တို့က မြန်မာနိုင်ငံ ရှိတာဝန်ရှိသူတွေကို ပေးအပ်ခဲ့ပြီး ကာကွယ်ဆေးများကို ဗဟိုကာကွယ်ဆေး သိုလှောင် အအေးခန်း (ရန်ကုန်) သို့ အအေးလမ်းကြောင်းမပျက် ဆက်လက်ပို့ဆောင်ထားပါ တယ်။
ပိုလီယိုရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိတဲ့ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး အစီအစဉ်၊အမီလိုက်ကာကွယ် ဆေးထိုး နှံတိုက်ကျွေးရေးလုပ်ငန်းတွေ၊ ကာကွယ်ဆေးထပ်မံတိုက်ကျွေးပေးရန် လိုအပ်တဲ့ ကလေးငယ်တွေအတွက် ဆောင်ရွက်မယ့် အမျိုးသားကာကွယ်ဆေးတိုက်ကျွေး ရေးနေ့တွေအတွက်လည်းကောင်း အသုံးပြုဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။