Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ကားတစ်စီး ဘီးပေါက်ပြီးသစ်ပင်ကိုဝင်တိုက်မှုဖြစ်ပွား

၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၂၀)ရက်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ကားတစ်စီး ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကိုဝင်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ(၂၁)ရက်နေ့ မနက်(၇နာရီ၄၅မိနစ်)အချိန်ခန့်ကရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၃/၂) နဲ့ (၇၃/၃) အကြားမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ် ပါအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ကို မြို့ချောင်းတိုက်နယ်ဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များကသွားရောက်ကူညီဆောင်ရွက်ခဲ့တယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

#Mercury#mercurynews#ပြည်တွင်းသတင်း#ရန်ကုန်-မန္တလေးအမြန်လမ်း #ယာဥ်တိုက်မှု