၂၀၂၄၊ဒီဇင်ဘာလ၊၂၀ရက်
မြန်မာနိုင်ငံမှာ ၂၀၂၅ခုနှစ်အတွင်း အသက် ၅ နှစ်အောက် ကလေးသူငယ်ဦးရေ ၂ သန်း၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ဦးရေ ၁ သန်းတို့ ဟာ အဟာရဆိုင်ရာ အကူအညီတွေလိုအပ်လာဖို့ရှိနေတယ်လို့ United Nations OCHA Myanmarက ထုတ်ပြန်လိုက်ပါတယ်။
အခုထုတ်ပြန်ချက်ဟာ United Nations OCHA Myanmarကရရှိထားခဲ့သမျှ အချက်အလက်တွေအပေါ်မှုတည်ထုတ်ပြန်ချက်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ အခြားသော လူသားခြင်းစာနာမှု အကူအညီတွေလဲ အများကြီးလိုအပ်နေသေးတယ်လို့သိရပါတယ်။
အထူးသဖြင့် စစ်ဘေးဒဏ်သင့်နေတဲ့ဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ချင်းပြည်နယ်၊စစ်ကိုင်းတိုင်း၊ရခိုင်ပြည်နယ်တို့မှာ နေရပ်စွန့်ခွာ စစ်ရှောင်ရသူတွေဟာ အခုလို အကူအညီတွေကို ပိုပြီးလိုအပ်နေကြတာဖြစ်ပါတယ်။