————————————————————————-
၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၂၀)ရက်
အင်းလေးဒေသမှာ ခရီးသွားဆွဲဆောင်နိုင်ဖို့ အင်းသားရိုးရာလှေပြိုင်ပွဲ ဒီဇင်ဘာလနောက်ဆုံးပတ်မှာ ပြန်လည်ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။
အင်းလေးဒေသ၊ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ကျင်းပမှာဖြစ်ပြီး အင်းသားရိုးရာလှေပြိုင်ပွဲကို ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ တစ်ကြိမ်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမပတ်မှာ တစ်ကြိမ်၊ ဖေဖော်ဝါရီလ ပထမပတ်မှာတစ်ကြိမ် ကျင်းပသွားမှာဖြစ်တယ်လို့ ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပွဲမှ သိရပါတယ်။
အင်းသားရိုးရာလှေလှော်ပြိုင်ပွဲဟာ အင်းလေးဒေသရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ကမ္ဘာကျော်တဲ့ အင်းလေးရိုးရာပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။