၂၀၂၄၊ဒီဇင်ဘာလ၊၂၀ရက်
ရန်ကုန်တိုင်းဒေသကြီးမှာ ပုံမှန်မီးပြတ်ချိန်တွေအပြင် နောက်ထပ် မီးပြတ်ချိန်တစ်ချိန်ထပ်တိုးသွားမယ်လို့ သိရပါတယ်။
ထပ်တိုးခဲ့တဲ့ မီးပြတ်ချိန်ဟာ ည၉နာရီကနေ မနက်၁နာရီအထိဖြစ်ပြီး အုပ်စုAနဲ့ အုပ်စုB အလှည့်ကျ ဓာတ်အားဖြတ်တောက်သွားမှာဖြစ်သလို စက်မှုဇုံတွေက တရက်ခြားပြီး လေးနာရီသာ မီးလာမယ်လို့ YESCက ထုတ်ပြတ်ကြေညာထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဩဂုတ်လနောက်ပိုင်းက စတင်ပြီး ဓါတ်အားမလုံလောက်မှုပြဿနာဟာ အရမ်းကြီးမားလာတာကြောင့် မီးဖြတ်ချိန်ကို မကြာခဏထပ်တိုးနေရတာဖြစ်ပါတယ်။
မူရင်းဓါတ်ပုံပိုင်ရှင်ကို အပြည့်အဝcreditပေးပါသည်။