Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာနိုင်ငံရှိထိခိုက်လွယ်သောလူဦးရေ(၅.၅)သန်းအတွက်ကန်ဒေါ်လာ(၁.၁)ဘီလီယံကူညီ‌ပေးရန်အဆိုပြုထား

——————————————————————————————————

၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၁၆)ရက်

မြန်မာနိုင်ငံရှိထိခိုက်လွယ်သောလူဦးရေ(၅.၅)သန်းအတွက်ကန်ဒေါ်လာ(၁.၁)ဘီလီယံ ကူညီ‌ပေးဖို့အဆိုပြုထားတယ်လို့ UNOCHA Myanmarမှ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအတွက်၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေးအစီအစဉ်က နိုင်ငံတစ်ဝန်း မှာရှိတဲ့ ထိခိုက်လွယ်သူ လူဦးရေ ၅ ဒသမ ၅သန်းကို လူမှုဘ၀ရှင်သန်ရေး အကူအညီတွေပေးအပ်ဖို့ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံအဆိုပြုတောင်းဆိုထားတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရှိထိခိုက်လွယ်တဲ့လူဦးရေတွေအတွက် ပညာရေးကဏ္ဍအတွက် ၉၆မီလီယံ၊အစားအသောက်လုံခြုံရေး ၂၃၂ မီလီယံ၊ကျန်းမာရေးအတွက် ၁၂၃မီလီယံ၊အာဟာရအတွက်၆၄မီလီယံ၊Protectionအတွက် ၁၆၈မီလီယံ၊ Shelter/NFI/CCCMအတွက် ၁၉၀မီလီယံ၊Washအတွက်၁၄၉မီလီယံ၊Coordinationအတွက် ၉မီလီယံ၊ Multi-Purpose Cashအတွက် ၇၅မီလီယံ အသုံးပြုဖို့မှန်းထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဓါတ်ပုံ-မူရင်းပိုင်ရှင်ကို Credit ပေးပါသည်

#mercury#mercurynews#UNOCHA#Myanmar

May be an image of 1 person, child and text that says '2 " Humanitarian needs are soaring to unprecedented levels in Myanmar. some 19.9 million people need humanitarian assistance in 2025, including 6.3 million children. Marcoluigi corsi, Resident & Humanitarian Coordinator a.i. for Myanmar stina Powell - () OCHA'