————————————-
၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၁၄)ရက်
မြန်မာနိုင်ငံပြည်တွင်းတနိုင်းမြို့အနီးမှာ အင်အား (၄.၂)အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ် လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မြေ ငလျင်ဌာနခွဲ)မှ သိရပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ မြန်မာစံ တော်ချိန် (၀၇)နာရီ၊ (၃၅)မိနစ်၊ (၃၂) စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက် မြောက်ဘက် (၅၁) မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (တနိုင်းမြို့၏ အရှေ့တောင်ဘက် (၂၆) မိုင်ခန့် အကွာ)မှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်၊ရှမ်းပြည် နယ်၊စစ်ကိုင်းတိုင်းတို့မှာ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး ငလျင်ငယ်၊ငလျင်ကြီး တွေဆက်လှုပ်နိုင်ခြေရှိနေတဲ့အတွက် သတိပြုနေထိုင်ကြဖို့လိုအပ်တယ်လို့ မြေငလျင်ဌာနခွဲမှ သတိပေးထားပါတယ်။