၂၀၂၄၊ဒီဇင်ဘာလ၊၁၄ရက်
မြန်မာလက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြီးခဲ့တဲ့ ဖိလစ်ပိုင်နဲ့ပွဲမှာ တစ်မှတ်ဘဲ ရခဲ့တဲ့အတွက် လာမယ့်လာအို နဲ့ပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်သွားမယ်လို့ ပြောခဲ့ပါတယ်။
နည်းပြ ဦးမျိုးလှိုင်ဝင်းက “ဖိလစ်ပိုင်နဲ့ပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်လာခဲ့ပြီး အကောင်းဆုံးလဲ ကစားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ ဂိုးပြန်ပေးလိုက်ရတာကြောင့် သရေတစ်မှတ်ဘဲ ရရှိခဲ့ပါတယ်။ဒါကြောင့် လာမယ့် လာအိုနဲ့ပွဲမှာ အမှတ်ပြည့်ရဖို့အတွက် အကောင်းဆုံး အသေအချာ ပြင်ဆင်လာမှာပါ”လို့ ထုတ်ပြောခဲ့တာဖြစ်ပါတယ်။
မြန်မာလက်ရွေးစင်အသင်းဟာ ASEAN CHAMPIONSHIP MITSUBISHI ELECTRIC CUP 2024ပြိုင်ပွဲမှာ အင်ဒိုနီးရှားကိုရှုံး၊ဖိလစ်ပိုင်ကို သရေကျကာ နိုင်ပွဲမရရှိသေးတာကြောင့် ပရိတ်သတ်တွေရဲ့ ဝေဖန်မှုကို ခံနေရတာလည်းဖြစ်ပါတယ်။
#mercury#mercurynews#မြန်မာ့ဘောလုံး#ဦးမျိုးလှိုင်ဝင်း#ပြည်တွင်းသတင်း