——————————————————————–
၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၁၃)ရက်
၂၀၂၄ခုနှစ်အတွင်းကမ္ဘာတဝှမ်းဂျာနယ်လစ်နဲ့မီဒီယာလုပ်သား(၆၈)ဦး အသ-တ်ခံရပြီး မြန်မာနိုင်ငံမှလည်း ဂျာနယ်လစ်တွေလည်းေ-သဆုံးသူစာရင်းမှာ ပါဝင်နေတယ်လို့ UNESCOရဲ့အစီရင်ခံစာမှာဖော်ပြထားတယ်လို့သိရပါတယ်။
သ-တ်ဖြတ်ခံရမှု(၆၀)ရာခိုင်နှုန်းကျော်ဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ ဖြစ်ပွားခဲ့ပြီး ဆယ်နှစ်အတွင်း အမြင့်ဆုံးရာခိုင်နှုန်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။
ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ သတင်းထောက် ၄၂ ဦး သတ်ဖြတ်ခံရမှုမှာ ပါလက် စတိုင်းမှာ ၁၈ မှု၊ ယူကရိန်းမှာ ၄ မှုနှင့် ကိုလံဘီယာ၊ အီရတ်၊ လက်ဘနွန်၊ မြန်မာနှင့် ဆူဒန်မှာ ၃ မှု၊ ဆီးရီးယား၊ ချဒ်၊ ဆိုမာလီယာနှင့် ကွန်ဂို ဒီမိုကရက် တစ်သမ္မတနိုင်ငံတို့၁ မှုမှာ ဖြစ်ပွားခဲ့တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။
ခြုံငုံသုံးသပ်ရလျှင် တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ သတင်းထောက်တွေနဲ့ မီဒီယာ လုပ်သားတွေ သ-တ်ဖြတ်ခံရမှုမှာ ၂၀၂၂မှာ (၈၈)မှု ၊၂၀၂၃ (၇၄)နဲ့အခု၂၀၂၄ခုနှစ်မှာ(၆၈)မှုတို့ရှိတဲ့အတွက် အရင်နှစ်တွေကထက်စာရင် လျော့နည်းသွားတယ်လို့ အစီရင် ခံစာရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။