—————————————————————–
၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၁၃)ရက်
အိန္ဒိယအစိုးရက ရေဘေးသင့်ပြည်သူတွေအတွက် လွှဲပြောင်းပေးအပ်တဲ့ဆန်တန်ချိန်(၂၂၀၀)မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
ဆန်တန်ချိန်(၂၂၀၀) လွှဲပြောင်းပေးအပ်တဲ့အခမ်းအနားကိုဒီဇင်ဘာလ(၁၂)ရက်မှာကျင်းပခဲ့ပြီး အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr.Abhay Thakurနဲ့သံရုံးတာဝန်ရှိသူတွေ၊မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူတွေ၊သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတွေတက်ရောက်ကြပါတယ်။
အိန္ဒိယအစိုးရမှ လှူဒါန်းတဲ့ဆန်တန်ချိန်(၂၂၀၀)ကို ကွန်တိန်နာယာဉ်တွေနဲ့ Asia Worldဆိပ်ကမ်းကို ပို့ဆောင်ပေးခဲ့တယ် လို့သိရပါတယ်။
ဓါတ်ပုံ- အိန္ဒိယသံရုံး