—————————————-
မြို့ပတ်ရထားပေါ်ရှိ အရေးပေါ်ခလုတ်ကိုမှားနှိပ်သူများ ကြောင့်ရထားရပ်သွားတာမျိုးတွေဖြစ်ပေါ်နေသဖြင့် မနှိပ်ကြရန် မြန်မာ့မီးရထားမှမေတ္တာရပ် ခံထားတယ်လို့ သိရပါတယ်။
ရုံးဆင်းချိန်မှာ ရထားအရေးပေါ်ခလုတ်နှိပ်မိလို့ ရထားရပ်သွားပြီး ခရီးစဉ်နှောင့်နှေးတာ(၂)ကြိမ် ရှိနေပါပြီ ရထားအတွင်းပါရှိတဲ့ အရေးပေါ် အမှတ်အသား ခလုတ်တွေကို နှိပ်မိခြင်း၊ ဆွဲချခြင်းတွေကိုလုံးဝမပြုလုပ်မိကြစေရန် အထူးသတိထားပေးစေလို တယ်လို့ ဖော်ပြထားပါတယ်။။
“နည်းပညာဆိုင်ရာ ချို့ယွင်းချက်ကြောင့်” ဟူသော အလိုအလျောက် အရေးပေါ် တုန့်ပြန် ပြောဆိုချက်
ဘာသာစကား (၂)မျိုးဖြင့် ထွက်ပေါ်လာမည်ဖြစ်ပြီး
ရထားချက်ခြင်း ရပ်တန့်သွားမှာဖြစ်လို့ အရေးပေါ်ခလုတ်ကိုမှားမနှိပ်ကြဖို့ မြန်မာ့မီးရထားက သတိပေးဖော်ပြထားပါတယ်။
မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။