လျှောက်ထားရမည်
———————————————————————-
၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၁၁)ရက်
ရွှေရောင်းဝယ်လိုသူတွေအနေနဲ့ ရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို အခု(၃)လတာအတွင်း
အပြီးလျှောက်ထားရမှာဖြစ်တယ်လို့သိရပါတယ်။
ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို ၂၀၂၄ခုနှစ်၊နိုဝင်ဘာလ(၁၈)ရက်မှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁၇)ရက် (၃)လတာအတွင်းအပြီးလျှောက်ထားရမှာ ဖြစ်ပါတယ်။
သတ်မှတ်ကာလအတွင်းမလျှောက်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ(၅)နဲ့အညီ အရေးယူခံရမှာ ဖြစ်ပြီး ဒီဇင်ဘာလ(၆)ရက်နေ့မှစပြီးတော့ ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ ရွှေသိပ်သည်းဆ ၁၉.၂၅ဂရမ်၊ကုဗစင်တီမီတာနဲ့အထက်ရှိတဲ့ စံချိန်မီရွှေ(၁)ကျပ်သား(၁၆.၃၂၉၃၂၅ဂရမ်)ရဲ့ ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး ကိုနေ့စဉ်ထုတ်ပြန်ပေးလျက်ရှိတယ်လို့ သိရပါတယ်။