Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရှမ်းပြည်၊သိန္နီမြို့အနီးအင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိငလျင်လှုပ်

———————————–

၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၉)ရက်

ရှမ်းပြည်၊သိန္နီမြို့အနီး အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝ သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်၊မြန်မာစံတော် ချိန် (၀၃)နာရီ၊ (၂၈)မိနစ်၊ (၀၃)စက္ကန့် အချိန် သီပေါမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆၉)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း သိန္နီမြို့ရဲ့ အရှေ့မြောက်ဘက် (၇) မိုင်ခန့်အကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

အခုရက်ပိုင်းတွေမှာ မြန်မာနိုင်ငံအတွင်း ငလျင်ငယ်တွေငလျင်လတ်တွေဆက်တိုက်လှုပ်ခတ်နေပြီး ငလျင်ကြီးတွေလည်းလှုပ်ခတ်နိုင်ခြေရှိတဲ့အတွက် သတိပြုနေထိုင်ကြဖို့လိုအပ်တယ်လို့ သိရပါတယ်။

#mercury#mercurynews#ငလျင်#ပြည်တွင်းသတင်း

May be an image of map and text