Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ငါးများတင်ဆောင်လာသော ကုန်တင်ယာဥ်တိမ်းမှောက်၊အမျိုးသား(၂)ဦးထိခိုက်ဒဏ်ရာရ

————————————–

၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၉)ရက်

လှည်းတန်း၊ဂုံးကျော်တံတားအနီးမှာ ငါးတွေတင် ဆောင်လာတဲ့ ကုန်တင်ယာဥ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား (၂)ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့

Yangon Rescue Organization (YRO)မှ သိရပါတယ်။

ငါးများတင်ဆောင်လာတဲ့ ကုန်တင်ယာဥ်ဟာ GEAR BOX JOINT SHAFT ပြုတ်ထွက်ပြီး လမ်းပေါ်မှာ ထောက်မိလို့ တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါယာဥ်တိမ်းမှောက်မှု ဖြစ်စဥ်မှာ အမျိုးသား ၂ဦးသည်ထိခိုက်၊ ပွန်းပဲ့ဒဏ်ရာတွေရရှိပြီး ဒဏ်ရာ ရသူနှစ်ဦးကို မြေပြင်ပြုစုမှု ပြုလုပ်ပေးပြီး ” အထွေထွေရောဂါကု ဆေးရုံ (လမ်းမတော်) YGH” သို့ ” ဝန်းရံမှူး၊ဝင်းမေတ္တာ “- အသင်းတွေရဲ့ အရေးပေါ် လူနာ တင်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ့ဖြစ်စဥ်ကို Yangon Rescue Organization (YRO)ရဲ့ အဖွဲ့ဝင်” ရတနာဖြိုး-ကူညီကယ်ဆယ်ရေးအဖွဲ့(သမိုင်း)၊ ဝင်းမေတ္တာ-လူမှုကူညီရေးအသင်း(ကြည့်မြင်တိုင်)၊ ဝန်းရံမှူး-လူမှုကူညီကယ်ဆယ်ရေးအသင်း (ကြည့်မြင်တိုင်)၊ ပြည်သူ+လူရွှင် တော်(အလုံ)၊လှည်းတန်း-လူမှုကူညီရေးအသင်း(လှည်းတန်း) ” အသင်းတွေကစေတနာ့ ဝန်ထမ်း‌တွေသွားရောက် ကူညီခဲ့တယ်လို့ သိရပါတယ်။

#mercury#mercurynews#ယဉ်တိုက်မှု#ပြည်တွင်းသတင်း