၂၀၂၄၊ဒီဇင်ဘာလ၊၇ရက်
ဒီဇင်ဘာလ ၉ရက်နေ့မှာ AFF Mitsubishi Electric Cup 2024ပွဲစဉ်အဖြစ် မြန်မာနှင့်အင်ဒိုနီးရှား ပွဲစဉ်ကို လာရောက်အားပေးကြမယ့် ပရိတ်သတ်တွေအတွက် အပြန်ခရီးမှာအဆင်ပြေစေဖို့ လမ်းကြောင်းအလိုက် Busကားတွေ စီစဉ်ထားပေးမယ်လို့သိရပါတယ်။
မြန်မာဘောလုံးအဖွဲ့ချုပ်က မြန်မာပရိတ်သတ်တွေ အများအပြားလာရောက်အားပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အခုလိုစီစဉ်ပေးထားတာဖြစ်ပြီး ပရိတ်သတ်တွေအနေနဲ့ ပြန်တဲ့အခါ သက်ဆိုင်ရာစုရပ်ကို အချိန်မှီသွားရောက်ဖို့လိုသလို လမ်းကြောင်းတစ်ခုကို Busကား ၁၅စီး စီစဉ်ပေးထားမှာဖြစ်ပါတယ်။
မြန်မာနှင့် အင်ဒိုနီးရှား ပွဲစဉ်အတွက် ပွဲကြိုလက်မှတ်များကို ဒီဇင်ဘာ ၆ ရက်မှ စတင်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံး၊ ဝေဇယန္တာလမ်းမကြီး၊ (သု၀ဏ္ဏကွင်းရှေ့)မှာ နံနက်(၁၀:၀၀)နာရီမှ၊ ညနေ (၄:၀၀)နာရီ အတွင်း ရောင်းချလျက်ရှိသလို ပွဲနေ့ဖြစ်သည့် ဒီဇင်ဘာ ၉ ရက်၊ သု၀ဏ္ဏကွင်းမှာ အထူးတန်း လက်မှတ်များကို ဂိတ်(၂)၊ ရိုးရိုးတန်း လက်မှတ်များကို ဂိတ်(၈)တို့မှာ ရုံးချိန်အတွင်း ရောင်းချပေးသွားမယ်လို့ သိရပါတယ်။