————————————–
လာမယ့်ရက်ပိုင်းတွေမှာ တနင်္သာရီတိုင်း၊ရန်ကုန်နဲ့ ဒေသအချို့မှာ မိုးပြန်ရွာဦးမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
ဒီဇင်ဘာလ(၇)ရက် ညနေမှာ တနင်္သာရီတိုင်းဒေသကြီးမှာနေရာကွက်ကျား မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒီဇင်ဘာလ(၈)ရက်၊(၉)ရက်စတဲ့နောက်(၂)ရက်အတွက်ခန့်မှန်းချက် အနေနဲ့ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာ ကွက်ကျား မိုးအနည်းငယ် ရွာနိုင်တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံတောင်ပိုင်း-ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွေမှာ တိမ်အသင့်တင့်မှ တိမ်ထူထပ်စွာဖြစ်ပေါ်လာနိုင်ပြီး၊ မိုးအသင့်အတင့်နေရာကွက်ပြီးရွာသွန်းနိုင်မယ့် အခြေအနေတွေအနေနဲ့”ဒီဇင်ဘာလ ၁၉-၂၀ ရက်နေ့များအတွင်း”ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ခန့်မှန်းမှာ ဖော်ပြထားပါတယ်။