Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

“မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” ကမ္ဘာ့အမွေအနှစ်ဝင်သွားပြီ

၂၀၂၄ခုနှစ်၊‌ဒီဇင်ဘာလ၊(၅)ရက်

ကမ္ဘာ့အမွေအနှစ် “မြန်မာ့နှစ်သစ်ကူး ရိုးရာအတာသင်္ကြန်ပွဲတော်”

“မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” ဟာ ပထမဆုံးအနေနဲ့ UNESCO -Intangible Cultural Heritage of Humanity ကမ္ဘာ့ ဒြပ်မဲ့ယဉ်‌ကျေးမှုအမွေအနှစ်စာရင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ(၂)ရက်မှ(၇)ရက်အထိ ပါရာဂွေးနိုင်ငံ ၊ အာဆွန်စီယွန်မြို့ မှာ ကျင်းပပြုလုပ်နေတဲ့ ( ၁၉ ) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်ညီလာခံမှာ တရား၀င် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်မှာ UNESCO ကိုတင်ပြခဲ့ကြတဲ့ “မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်”ဟာ Draft decisionမှာ Inscribed အဖြစ် ဖော်ပြခံခဲ့ရပြီး ပဏာမစာရင်းဝင်ခဲ့ရာမှ အခု ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

“မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်”ဟာ အခုလို UNESCOရဲ့ ကမ္ဘာ့ ဒြပ်မဲ့ယဉ်‌ကျေးမှုအမွေအနှစ်စာရင်းဝင်ရောက်ခဲ့တာက သမိုင်းတလျှောက် မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

#MERCURY#mercurynews#မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်#UNESCO