——————————————————————-
လာမယ့် ၂၀၂၅ခုနှစ်၊မတ်လမှာကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်းကို ဒီကနေ့ ဒီဇင်ဘာလ(၄)ရက်မှာထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
၂၀၂၅ခုနှစ်၊မတ်လ(၁၇)ရက်မှာ မြန်မာစာ၊မတ်လ(၁၈)ရက်မှာ အင်္ဂလိပ်စာ၊မတ်လ(၁၉)ရက်မှာ သင်္ချာ၊ မတ်လ(၂၀)ရက်မှာဓာတုဗေဒ၊ပထဝီဝင်၊ မတ်လ(၂၁)ရက်မှာ ရူပဗေဒ၊သမိုင်း၊မတ်လ(၂၂)ရက်မှာ ဇီဝဗေဒ၊ဘောဂဗေဒတို့ဖြေဆိုရမှာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ မတ်လမှာ ဖြေဆိုခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲနဲ့ ဧပြီနဲ့ မေလတွေမှာ အထူးအစီအစဉ်တစ်ရပ်အနေနဲ့ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲတွေမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာမေးပွဲဖြေဆိုသူဦးရေ စုစုပေါင်း ၁၂၈၈၂၀ ဦးရှိပြီး အောင်မြင်သူဦးရေ ၇၄၅၉၂ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။