၂၀၂၄၊ဒီဇင်ဘာလ၊၂ရက်
မြန်မာရေပိုင်နက်ထဲဝင်ရောက်လာတဲ့ ထိုင်းငါးဖမ်းလှေကို မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးခဲ့မှုအပေါ် ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာက ကန့်ကွက်ပြောဆိုခဲ့ တယ်လို့ ထိုင်းပြည်တွင်း သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။
ဒီဇင်ဘာ၁ရက်နေ့ က မီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာက “ဘယ်လိုအခြေအနေမျိုးမှာမဆို ဒီလိုအကြမ်းဖက်တာမျိုးကို မထောက်ခံဘူးလို့”လို့ ပြောခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် ဒီဖြစ်စဉ်နဲ့ပတ်သတ်တဲ့အခြေအနေ အသေးစိတ်ကိုလည်း ထိုင်းနိုင်ငံဘက်က ထပ်မံစုံစမ်းစစ်ဆေးနေပြီး ဖမ်းဆီးခံထားရတဲ့ ငါးဖမ်းသမား ၃၁ ယောက်ထဲက ထိုင်းနိုင်ငံသား ၄ ဦး အမြန်ဆုံးလွှတ်ပေးရေး ကိုလည်း လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသားလေးဦး ပြန်လွတ်ပေးရေးကို ဝန်ကြီးချုပ်လမ်းညွှန်ချက်နဲ့ ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးကနေတဆင့် လုပ်ဆောင်သွားမှာဖြစ်ပြီး ထိုင်း ကာကွယ်ရေးဝန်ကြီးကလည်း နယ်စပ်ယန္တရားကနေတဆင့် ကန့်ကွက်စာပို့ခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ-ရိုက်တာ,Hangout Region