Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ချလ်ဆီးနောက်ခံလူဖိုဖာနာ AstonVillaနဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အနည်းဆုံး၂ပတ်အနားယူရမည်

၂၀၂၄၊ဒီဇင်ဘာလ၊၂ရက်

ချဲလ်ဆီးနောက်ခံလူ ဖိုဖာနာဟာ မနေ့ညက AstonVillaနဲ့မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အနည်းဆုံး၂ပတ်ခန့် အနားယူရတော့မယ်လို့ ESPN UKသတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဖိုဖာနာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတစ်ခုလုံးကို ဒဏ်ရာကြောင့်လွဲချော်ခဲ့သူဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာမှ ပြန်လည်ကစားနိုင်ကာ ခြေစွမ်းပြနေသူလည်းဖြစ်ပါတယ်။

ဖိုဖာနာကလည်း လက်ရှိအခြေအနေကကောင်းမွန်ပြီး ဒဏ်ရာကပြင်းထန်မှာမဟုတ်ကြောင်း သူ့ရဲ့ အင်စတာဂရမ်မှာ အသိပေးခဲ့ပါတယ်။

#Mercury#mercurynews#အားကစားသတင်း#ဖိုဖာနာ#ချဲလ်ဆီး

May be an image of 10 people, people playing soccer, people playing football and text