———————————————-
၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၂)ရက်
အခုတစ်ပတ်မှာတော့ ကမ္ဘာ့ရွှေဈေး အဖွင့်ဈေးမှာ(၁၇)ဒေါ်လာတက် လာပြီး တစ်အောင်စကို ကန်ဒေါ်လာ (၂၆၆၂)ဖြစ်လာတယ်လို့ရန်ကုန် တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)မှသိရပါတယ်။
ပြီးခဲ့တဲ့အပတ်က ကမ္ဘာ့ရွှေဈေး အပိတ်ဈေးကို ရွှေတစ်အောင်စ ကန်ဒေါ်လာ(၂၆၄၅)နဲ့ ပိတ်သွားခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးတက်လာတဲ့အတွက် ပြီးခဲ့တဲ့အပတ်က မြန်မာ့ရွှေဈေး ဟာ (၅၃)သိန်း (၇)သောင်း၊(၆)ထောင်ရှိခဲ့ရာမှ အခုအပတ် ဒီဇင်ဘာ လ(၂)ရက်မှာတော့ ကမ္ဘာ့ရွှေဈေးတက်နေပေမယ့် မြန်မာ့ရွှေဈေး ဟာ (၅၄)သိန်း(၁) သောင်းကျော် ရှိတယ်လို့ သိရပါတယ်။
ဓါတ်ပုံ-မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။