၂၀၂၄၊ဒီဇင်ဘာလ၊၂ရက်
ဒီဇင်ဘာလ ပထမအပတ်အတွက် စားအုန်းဆီလက်ကားဈေးနှုန်းမှာ တစ်ပိဿာ ၇၃၀၅ကျပ်ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
အဲ့ဒီလက်ကားဈေးနှုန်းဟာ စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOBဈေးနှုန်းကို အခြေခံပြီး အခွန်အခများ၊သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ဘဏ်စရိတ်များကို ထည့်သွင်းတွက်ချက်ကာ ပြည်တွင်းမှာ ရောင်းဝယ်ဖောက်ကားဖို့ အခြေခံသတ်မှတ်ပေးထားတာဖြစ်တယ်လို့လဲ သိရပါတယ်။
ရောင်းဝယ်ဖောက်ကားသူတွေအနေနဲ့ ပြည်တွင်းဈေးကွက်မှာ ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ဈေးကစားရန်ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်းအပါအဝင် မသမာတဲ့ လုပ်ဆောင်မှုမျိုးတွေလုပ်ရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဉပဒေအရ အရေးယူသွားမယ်လို့လည်းစားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ-မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။