Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရွှေတိဂုံစေတီတော်တွင်ကျင်းပမည့် စာလျှောက်မေးပွဲ၌ဖြေဆိုမည့်ဆရာတော်၊သံဃာတော်(၂၆၄)ပါးရှိ

——————————————–

၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၃၀)ရက်

ရွှေတိဂုံစေတီတော်မှာကျင်းပတဲ့ သာသနာဆိုင်ရာစာမေးပွဲဖြစ်တဲ့ စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကြီးမှာ ဆရာတော်၊ သံဃာတော်(၂၆၄)ပါးဖြေဆိုဖို့ရှိတယ်လို့ သိရပါတယ်။

သီးခြားစာချတန်းမှာ ဖြေဆိုမယ့် သံဃာတော်(၄၁)ပါး၊ သီးခြားစာသင်တန်း မှာဖြေဆိုမယ့် သံဃာတော်(၂၂၃)ပါး၊စုစုပေါင်း သံဃာတော်(၂၆၄)ပါး ဝင်ရောက်ဖြေဆိုသွားဖို့ရှိပါတယ်။

ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ကြီးမှူးကျင်းပတဲ့ (၁၀၆)ကြိမ်မြောက်

စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကြီးကို နိုဝင်ဘာလ (၃၀)ရက်မှာကျင်းပသွားမှာဖြစ်ပြီး စာဖြေဆရာတော်၊သံဃာတော်တွေ အတွက် လှူဒါန်းမှုတွေဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။

မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။

#Mercury#mercurynews#ပြည်တွင်းသတင်း#ရွှေတိဂုံ