————————————————————
၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၃၀)ရက်
မြန်မာ့ရိုးရာယဥ်ကျေးမှုသင်္ကြန်ပွဲတော် ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်မဝင် ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်Asunción မြို့မှာကျင်းပမယ့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ တရားဝင် ဆုံးဖြတ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
ညီလာခံကျင်းပမယ့် ဒီဇင်ဘာလ(၂)ရက်နဲ့ (၇)ရက်အတွင်းမှာ ဆုံးဖြတ်သွားမှာ ဖြစ်ပြီး ညီလာခံဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ(၁)ရက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံ အစည်းအဝေးကိုတက်ရောက်မယ့်ကိုယ်စားလှယ်အဖွဲ့တွေဟာ ဒီကနေ့ နိုဝင်ဘာလ(၃၀)ရက်ကတည်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ တစ်ဆင့်သွားရောက်ကြမှာဖြစ်ပါတယ်။
အစည်းအဝေးကို H.E. မစ္စ Nancy Ovelar de Gorostiaga၊ ပါရာဂွေး သမ္မတ နိုင်ငံ သံအမတ်ကြီးနဲ့ အမြဲတမ်းကိုယ်စားလှယ်တွေတက်ရောက်ကြမှာဖြစ် သလို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းထားတဲ့မြန်မာနိုင်ငံမှ မြန်မာ့ယဉ် ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ၊ဥက္ကဌ ဒေါ်စန္ဒာခင်နဲ့ တာဝန်ရှိသူတွေသွားရောက်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။