Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အမျိုးသမီး(၃)ဦးတွင်(၁)ဦးက ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ အကြ-မ်းဖက်ခံနေရ

—————————————————————-

၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၂၉)ရက်

မြန်မာအပါအဝင် တကမ္ဘာလုံးအတိုင်းအတာအရ အမျိုးသမီး (၃)ဦးမှာ (၁)ဦးက သူတို့ရဲ့ ဘဝမှာ Gender-based အကြမ်း ဖက်မှုကို ကြုံတွေ့နေရတယ်လို့UN Myanmarရဲ့ထုတ်ပြန်ချက် အရသိရပါတယ်။

Gender-based အကြ-မ်းဖက်မှုဆိုတာ ကိုယ့်ရဲ့ ယောကျာ်း/ မိန်းမ လိင်ဖြစ်တည်မှုအပေါ် ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဥစ္စာငွေကြေးဆိုင်ရာနဲ့ နည်းပညာအသုံးပြုပြီး ထိခိုက်နစ်နာအောင် ပြုလုပ်တာကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။

အမျိုးသမီးများအပေါ် အသ-က်‌ေ-သဆုံးအောင် ပြုလုပ် ကျူးလွန်ခြင်း (Femicide) နဲ့ ပတ်သက်ပြီး UNODC က ထုတ်ပြန်တဲ့ ၂၀၂၃ အစီရင်ခံစာတစ်စောင်အရ အမျိုးသမီးတွေ နဲ့ မိန်းကလေးတွေအတွက် အသက်အန္တရာယ်အရှိဆုံးနေရာက သူတို့ရဲ့ နေအိမ်လို့ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ မိသားစုဝင်၊ ချစ်သူရည်းစား၊ လက်တွဲဖော်ဖြစ်သူတွေမှ GBV ကျုးလွန်တာတွေကို အများဆုံး ကြုံတွေ့ရနိုင်ပါတယ်။

လိင်ခံယူချက်နဲ့ ဖြစ်တည်မှု ဘယ်လိုကွဲပြားပါစေ ကျားမ မ‌ ရွေးလူတိုင်းဟာ GBV ဖြစ်စဥ်ကို ကြုံတွေ့ခံစားရနိုင်ခြေ ရှိပေမယ့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကတော့ ပိုပြီး ကြုံတွေ့ခံစားရနိုင်ခြေ ပိုများတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#mercury#nercurynews#အကြမ်းဖက်#အမျိုးသမီး