၂၀၂၄၊နိုဝင်ဘာလ၊၂၈ရက်
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ စက်သုံးဆီ တစ်လီတာကို ကျပ် ၁၅၀၀၀ (တစ်သောင်းငါးထောင်) အထိဈေးမြင့်တက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြစ်ကြီးနားမြို့ မှာ အောက်တိုဘာလဆန်းတည်းက စက်သုံးဆီဈေးစတင် မြင့်တက်လာတာဖြစ်ပြီး နိုဝင်ဘာလ ၂၇နေ့မှာတော့ စက်သုံးဆီတစ်လီတာကို ကျပ် ၁၅၀၀၀ (တစ်သောင်းငါးထောင်) ထိမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “ဒီနေ့ရောင်းနေတာက 92တစ်လီတာကို ၁၅၀၀၀ပေးရတယ်။ဒါတောင် အကန့်အသတ်နဲ့ရောင်းပေးနေတာ။ဆိုင်တွေမှာလည်းအများကြီးမကျန်တော့ဘူးထင်တယ်။လမ်းဘေးမှာရောင်းနေကြတဲ့သူတွေမှာဆို ရေသန့်ဘူးတစ်ဘူးကို ၁၆၀၀၀လောက်ပေးရတယ်။ဆီကားတွေမဝင်သေးရင်တော့ထပ်တက်လာအုံးမှာထင်တယ်”လို့ Mercury News ကိုပြောပါတယ်။
ကချင်ပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေးအရလည်း ကုန်တွေဝင်ရောက်ဖို့ခက်ခဲနေပြီး လက်ရှိမှာ တရုတ်ပြည်နဲ့ ဆက်သွယ်ထားတဲ့ လမ်းတွေကပါ ပိတ်ထားတာကြောင့် ဒေသခံတွေဟာ အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဓါတ်ပုံ-မူရင်းပိုင်ရှင်ကိုcreditပေးပါသည်။