————————————————————————–
၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၂၈)ရက်
အိမ်ပြန်လမ်းပျောက်ပြီး မျက်စိလည်နေတဲ့ (၁၀)နှစ်အရွယ်မိန်းကလေးကို ကူညီပြီးတော့မိန်းခလေးရဲ့ မိဘတွေကို ကူညီရှာဖွေပေးနိုင်ခဲ့တယ်လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ် (ရန်ကုန်)YROမှသိရပါတယ်။
နိုဝင်ဘာ(၂၆)ရက်မှာ ဒဂုံတောင်၊အမှတ်(၂)လမ်း၊DENKO စက်သုံးဆီဆိုင် အနီးမှာ ခန့်မှန်းအသက်(၁၀)နှစ်ခန့် မိန်းခလေးငယ်တဦး အိမ်ပြန်လမ်း မမှတ်မိသော ဖြစ်စဥ်တခု ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
အဲဒီ့ဖြစ်စဉ်ကို Yangon Rescue Organization (YRO)၏ အဖွဲ့ဝင် ” H Rescue (ဒဂုံတောင်)” မှ စေတနာ့ ဝန်ထမ်းများသည် သွားရောက် ခေါ်ဆောင်ခဲ့ပြီး ” ဝန်းရံမှူး-ကူညီကယ်ဆယ်ရေးအသင်း(ဒဂုံမြောက်)၊အဖြူရောင် နှလုံးသား-လူမှုကူညီရေး အသင်း(ဒဂုံမြောက်)၊ နှင့် ဦးချက်-အဖြူရောင်ပရဟိတ(အရှေ့ဒဂုံ)တို့သည် ထပ်မံ ပူးပေါင်းပြီး မိန်းခလေးရဲ့ မိဘတွေကို ကူညီ ရှာဖွေပေးခဲ့ကြတာဖြစ်ပါတယ်။
(၁၁၉) ရပ်ကွက်မှာလမ်းပျောက်ခဲ့တာဖြစ်ပြီး (၁၁) ရပ်ကွက်မှ အဲဒီ့မိန်းကလေးငယ်ကို အန္တရာယ်ကင်းစွာဖြင့် မိဘတွေ လက်သို့ ပြန်လည်အပ်နှံကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။