Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မုန်တိုင်းငယ်မှဆိုက်ကလုန်းမုန်တိုင်းဖြစ်နိုင်၊မုန်တိုင်းအရှိန်ကြောင့် (၃)ရက်တာမိုးရွာဦးမည်

———————————————————-

၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၂၈)ရက်

အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် နိုဝင်ဘာလ(၂၈)ရက်မှ (၃၀)ရက် အတွင်း ဒေသ(၁၂)ခုမှာ နေရာကွက်ကျားမိုးရွာဦးမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ်ဟာ ဆိုက်ကလုန်းမုန်တိုင်းအဖြစ်သို့ ပိုမို အားကောင်းနိုင်တယ်လို့လည်းခန့်မှန်းထားပါတယ်။

နေရာကွက်ကျားမိုးရွာသွန်းနိုင်တဲ့ ဒေသတွေကတော့ နေပြည်တော်၊စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက် ကျားမှ နေရာကျဲကျဲ မိုးရွာသွန်းနိုင်တယ်လို့ သိရပါတယ်။