Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တနင်္သာရီရှိနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူများကို ကြက်ခြေနီကအခြေခံစားသောက်ကုန်များထောက်ပံ့

————————————————-

၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၂၇)ရက်

တနင်္သာရီတိုင်း၊ ထားဝယ်နဲ့ပုလောရှိယာယီနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများကို ကြက်ခြေနီအသင်းက တစ်အိမ်ထောင်ကို ဆန်တစ်အိတ်၊ဆီ(၅)ဗူး အပါအဝင် အခြေခံစားသောက်ကုန်များထောက်ပံ့ခဲ့တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ဝန်ထမ်းတွေနဲ့ ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာPTTEPရဲ့ပံ့ပိုးကူညီမှုဖြင့်ဆောင်ရွက် ပေးတာဖြစ်ပါတယ်။

အိမ်ထောင်စု(၁)စုကို ဆန်(၂၄)ပြည်(၁)အိတ်၊ ဆီ(၁)လီတာ (၅)ဗူး ၊ ငါးသေတ္တာ(၁၄၀) ဂရမ်(၃၀)ဗူး၊ ဆား(၅၀)ကျပ်သား(၁)ထုပ် တို့ကိုထားဝယ်မြို့မှာ အိမ်ထောင်စု(၁၃၀၀) စု၊ ပုလော မြို့နယ်မှာအိမ်ထောင်စု(၇၀၀)စု၊ စုစုပေါင်းအိမ်ထောင်စု (၂၀၀၀)စု ကို နိုဝင်ဘာလ (၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

#mercury#mercurynews#ပြည်တွင်းသတင်း#ထားဝယ်