၂၀၂၄၊နိုဝင်ဘာလ၊၂၇ရက်
ထိုင်း-မြန်မာနယ်စပ်က မြန်မာအွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)မှာ လုပ်ကိုင်ဖို့ လူကုန်ကူးခံခဲ့ရတဲ့ နိုင်ငံခြားသား ၃၉ ဦးဟာ ထိုင်းနိုင်ငံထဲကို နိုဝင်ဘာ ၂၅ ရက်နေ့မှာ ထွက်ပြေးလာခဲ့တယ်လို့ AFP သတင်းဌာနရဲ့ ဖော်ပြချက်အရသိရပါတယ်။
မြန်မာနိုင်ငံကနေ ထွက်ပြေးလာခဲ့တဲ့ ၃၉ ဦးထဲမှာ သီရိလင်္ကာ၊ နီပေါ၊ မလေးရှားနဲ့ ရုရှား စတဲ့နိုင်ငံသားတွေ ပါဝင်ပြီး မြဝတီမြို့ကနေ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို ထွက်ပြေးလာတာဖြစ်တယ်လို့ မဲဆောက်မြို့ တာဝန်ခံရဲမှုးကပြောခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက ကျယ်ပြန့်လာတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းဟာ အဓိအားဖြင့် နိုင်ငံသားအလိုက် သက်ဆိုင်ရာ မိခင်နိုင်ငံက လူတွေကို ပြန်ပြီးလိမ်လည်ခိုင်းနေတာဖြစ်ပြီး လိမ်လည်ရယူနေတဲ့ ငွေပမာဏဟာ ဘီလီယံနဲ့ချီရှိနေပြီလို့လည်း သိရပါတယ်။
ဒါ့အပြင် အဲ့ဒီ မြန်မာအွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေဟာ နိုင်ငံသားမရွေးဘဲ လစာမက်လုံးပေးကာ လူကုန်ကူးတာတွေအများကြီး ရှိလာတာကြောင့် နိုင်ငံတကာသံရုံးတွေကပါ သတိပေးချက်တွေထုတ်ပြန်နေကြရပါတယ်။
ဓာတ်ပုံ – Natty loves Myanmar