၂၀၂၄၊နိုဝင်ဘာလ၊၂၆ရက်
ကပ္ပလီပင်လယ်ပြင်ထဲမှာ မက်သာဖက်တမင်း မူးယစ်ဆေး ကီလိုဂရမ် ၅၅၀ ကျော် တင်ဆောင်ထားသည့် မြန်မာသင်္ဘောတစ်စီးကို အိန္ဒိယကမ်းခြေစောင့်တပ်က နိုဝင်ဘာလ ၂၄ ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်းမှာဖမ်းမိခဲ့တယ်လို့ ဘီဘီစီသတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။
‘စိုးဝေယံထူး’ နာမည်နဲ့ အဲ့ဒီ သင်္ဘောကို အိန္ဒိယကမ်းခြေစောင့်တပ် လေယာဥ်တစ်စီးက ထောက်လှမ်းမိခဲ့တာဖြစ်ပြီး အိန္ဒိယ ကင်းလှည့်ရေယာဥ်တွေက ကြားဖြတ်ဟန့်တားပြီး ဖမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ မြန်မာသင်္ဘောကို အိန္ဒိယ ရေပြင်ပိုင်နက်က ဘာရန်ကျွန်းမှာ ထိန်းသိမ်းထားသလို စက်လှေပေါ်မှာ လိုက်ပါလာတဲ့လူ ၆ ဦးဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး အခုဖမ်းဆီးမှုဟာ အိန္ဒိယကမ်းခြေစောင့်တပ်က အိန္ဒိယပင်လယ်ရေကြောင်းပိုင်နက်ထဲမှာ အကြီးမားဆုံး မူးယစ်ဆေးဖမ်းဆီးမှု ဖြစ်လာပါတယ်။
ဓါတ်ပုံ-BBC Burmese