Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဗဟိုဘဏ်မှ ဒေါ်လာသန်း(၄၀)ကျော်နှင့်ထိုင်းဘတ်သန်း (၁၀၀) ထပ်မံထုတ်ရောင်း

———————————

၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၂၁)ရက်

ဗဟိုဘဏ်မှ အခုနှစ်ရက်တာအတွင်း ဒေါ်လာသန်း (၄၀)ကျော်နဲ့ထိုင်းဘတ်သန်း (၁၀၀)ထပ်မံထုတ်ရောင်းပေးထားတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

နိုဝင်ဘာလ (၁၉)ရက်မှာ ဒေါ်လာသန်း (၂၀) နဲ့ ထိုင်းဘတ်သန်း (၁၀၀) ၊နိုဝင်ဘာလ(၂၀)ရက်မှာ ဒေါ်လာ (၂၄)သန်းကျော်ထုတ်ရောင်းခဲ့တာဖြစ်ပါတယ်။

ဗဟိုဘဏ် အနေဖြင့် အခု ရောင်းချမှုအပါအဝင် နိုဝင်ဘာလအတွင်း ဒေါ်လာသန်း (၉၀) ကျော်နဲ့ ထိုင်းဘတ် (၂၇၁) သန်းကျော်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်ပါတယ်။

အခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ (၇)လအတွင်း စက်သုံးဆီ၊ စားသုံးဆီနဲ့ သွင်းကုန်လုပ်ငန်းရှင်တွေအတွက် ဒေါ်လာတစ်ဘီလျံ ထုတ်ရောင်းပေးထားပြီးဖြစ်တယ်လို့ ဗဟိုဘဏ်ထုတ်ပြန်ထားချက်အရ သိရပါတယ်။

#Mercury#Mercurynews#ပြည်တွင်းသတင်း#ဗဟိုဘဏ်#ဒေါ်လာ#ထိုင်းဘတ်

ဓါတ်ပုံ-မူရင်းပိုင်ရှင်ကို Creditပေးပါသည်