၂၀၂၄၊နိုဝင်ဘာလ၊၂၀ရက်
ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရန့် က အမေရိကန် အစိုးရသစ်မှာ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး အဖြစ် အမေရိကန် ငွေကြေး လုပ်ငန်းရှင် ဟောင်းဝပ်လူ့နစ် ကို အမည်စာရင်း တင်သွင်းသွားမယ်လို့ကြေညာလိုက်ပါတယ်။
ဘီလျံနာ သူဌေးကြီး ဟောင်းဝပ်လူ့နစ် ဟာ ရွေးကောက်ခံ သမ္မတ ထရန့် ရဲ့ အစိုးရအသွင်ကူးပြောင်းရေး အဖွဲ့ရဲ့ ပူးတွဲ ဥက္ကဋ္ဌလည်း ဖြစ်ပြီး အစိုးရ ထိပ်တန်း ရာထူးတွေ အတွက် လူပေါင်းများစွာကို စိစစ် ရွေးချယ်ရာမှာ ကူညီနေသူလည်း ဖြစ်ပါတယ်။
လူ့နစ်ကို ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး အဖြစ် အမည်တင်သွင်းလာပြီး အထက်လွှတ်တော်က အတည်ပြုခဲ့ရင် စီးပွားရေးနဲ့ ကုန်သွယ်ရေး မူဝါဒတွေကို အကောင်အထည်ဖော်ရေး ဦးဆောင် အခန်းကဏ္ဍကနေ ဆောင်ရွက်လာမယ်လို့ သိရပါတယ်။