Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မှတ်ပုံတင်အတုပြုလုပ်ပေးသူ၊UIDအတုဖြင့်ပတ်စ်ပို့လျှောက်ပေးသူ(၂၀)ဦးကိုဖမ်းဆီးအရေးယူ

၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၁၈)ရက်


မှတ်ပုံတင်အတု(နိုင်ငံသားစိစစ်ရေးကတ်ပြားအတု)ပြုလုပ်ပေးသူ၊UIDအတုဖြင့်ပတ်စ်ပို့လျှောက်ပေးသူများကို
များကိုဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

အဲဒီလိုအတုပြုလုပ်တဲ့သူတွေဟာ လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ လဝကရုံး(ဟစ်တိုင်)လို့ အမည်ပေးထားတဲ့ ဖေ့စ်ဘုတ်ဂရုပ်မှာ ပွဲစားတွေနဲ့ချိတ်ဆက်ပြီး အတုတွေပြုလုပ်လျှောက်ထား ဆောင်ရွက်နေတာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အဲဒီ့ဖြစ်စဉ်ကိုစစ်ဆေးဖော်ထုတ်ရာ Jack But Jaxkအကောင့်ပိုင်ရှင် ချစ်မင်းခိုင်ပါ(၃)ဦး၊Aent Hmue အကောင့်ပိုင်ရှင် အံ့မှူးပါ(၁၁)ဦး၊ရဲထက်စိုးပါ(၅)ဦး၊သန့်ဇင်ထွန်း၊အောင်သူထက်၊ခင်မောင်ကျော်၊ ထက်မြက်အောင်တို့ကို တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆိုအမှုဖွင့်လှစ်ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။
ရုံးလုပ်ငန်းတွေနဲ့ပတ်သက်လို့ ပြည်သူတွေကို ငွေကြေးရယူအမြတ်ထုတ်သူတွေကို ထိရောက်စွာ ဖော်ထုတ်အရေးယူသွားမှာဖြစ်ပြီး e-IDစနစ်နဲ့ UIDနံပါတ်ရယူလိုတဲ့ပြည်သူတွေကို သက်ဆိုင်ရာ မြို့နယ်တွေရှိလဝကမှ အခကြေးငွေမယူဘဲဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

Oplus_0