၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၁၈)ရက်
အခုအပတ်မှာတော့ စားအုန်းဆီရည်ညွှန်းဈေးနှုန်းတက်လာပြီး တစ်ပိဿကို (၇၀၀၀)ကျော်အထိတက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အပတ်က စားအုန်းဆီတစ်ပိဿကို ရည်ညွှန်းဈေး(၆၆၃၅)ကျပ်ရှိခဲ့ရာမှ အခုအပတ်မှာတော့ ဈေးနှုန်းတက်ပြီး တစ်ပိဿကို (၇၀၁၅)ကျပ်နဲ့ရောင်းချဖို့ သတ်မှတ်ပေးလိုက်ပါတယ်။
၂၀၂၄ခုနှစ် နိုဝင်ဘာလ(၁၈)ရက်မှနိုဝင်ဘာလ(၂၅)ရက်အထိ စားအုန်းဆီတစ်ပိဿကို အခြေခံလက်ကားရည်ညွှန်းဈေး(၇၀၁၅)ကျပ်နဲ့ရောင်းချရမှာဖြစ်ပြီး ဈေးကစားဖို့ရည်ရွယ်ပြီး သိုလှောင်ထားပါက အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။