———————————–
၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၁၃)ရက်
တံတားမြစ်ကြမ်းပြင် မြစ်ရေတိုက်စားမှုကာကွယ် ရေးတွေဆောင်ရွက်ဖို့အတွက် လှိုင်မြစ်ကူး၊ရွှေပြည်သာတံတားရေလမ်း ပြောင်းလဲဖို့ရှိတယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာ (၁၄) ရက်မှစပြီး အစုန်၊ အဆန် ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ်(၂)နဲ့ (၃)အကြားမှ ပြောင်းလဲဖွင့်လှစ်ထားမယ်လို့ ဖော်ပြထားပါတယ်။
အရင်ကတော့ ရေလမ်းကြောင်းကို အစုန်လမ်းအဖြစ် ရေလယ်တိုင် အမှတ်(၃)နှင့် (၄)အကြားမှ လည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင် အမှတ်(၂)နှင့် (၃)အကြားမှလည်းကောင်း ဖွင့်လှစ်ထားခဲ့ပြီးအခုအခါ ရေအလယ်တိုင်အမှတ်(၂) နဲ့(၃)ကြားမှသာ အစုန်အဆန်သွားကြရတော့မှာဖြစ်တယ်လို့ သိရပါတယ်။