——————————————
၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၁၃)ရက်
ကျိုက်ထီးရိုးစေတီတော်နဲ့ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ တက်လာတဲ့သတင်းအချို့မှားယွင်းနေပြီး ကျိုက်ထီးရိုးမှာလတ်တလောလုံခြုံရေးအခြေအနေတွေကောင်းမွန်ပြီး ဘုရားဖူးတွေ လာရောက်နိုင်တယ်လို့ သိရပါတယ်။
အခုရက်ပိုင်းမှာ ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူးလာရောက်သူ တစ်ရက်ကို (၂၀၀၀)ဦးဝန်းကျင်ခန့် ဝင်ရောက်နေတယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ကပြောပြထားပါတယ်။
‘’အွန်လိုင်းပေါ်မှာတင်တဲ့သတင်းအချို့ကမှားယွင်းနေပါတယ်။ ကျွန်တော်တို့ကျိုက်ထီးရိုးစေတီတော်ကြီးမှာ လတ်တလောလုံခြုံရေးအခြေအနေကောင်းမွန်ပြီးဘုရားဖူးတွေလာရောက်ဖူးမြော်နိုင်ပါတယ်”လို့ ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ကျိုက်ထီးရိုးစေတီတော်မှာ တစ်ရက်ကိုပုံမှန်ဘုရားဖူးရာချီလာရောက်လေ့ရှိပြီး ပိတ်ရက်တွေမှာတော့ဘုရားဖူး ထောင်ချီဝင်ရောက်နေတယ်လို့ သိရပါတယ်။